လူတိုင်းအတွက် အသုံးချမြန်မာစာ [မောင်ခင်မင်(ဓနုဖြူ)]

မောင်ခင်မင်(ဓနုဖြူ)

လူတိုင်းအတွက် အသုံးချမြန်မာစာ [မောင်ခင်မင်(ဓနုဖြူ)]

6000 MMK
Out of stock
Publisher
Myanmar Heritage
ISBN
Pages
96
Wishlist View cart

လူတိုင်းအတွက် အသုံးချမြန်မာစာ

~~~~~~~~~~~~~~~~~~~

လူမှုနယ်ပယ်အသီးသီးတွင် လုပ်ငန်းသဘာဝအရ မြန်မာစာရေးသားသည့် ပုံစံ အမျိုးမျိုး အကြောင်း ဖော်ပြထားသည်။


ရုံးမှာသုံးသော ရုံးသုံးမြန်မာစာ၊ ကုမ္ပဏီမှာသုံးသောကုမ္ပဏီသုံးမြန်မာစာ၊ ကျောင်းမှာသုံး သော ကျောင်းသုံးမြန်မာစာ၊ ပုဂ္ဂိုလ်အရ ရေးသားဆက်သွယ်ရာမှာသုံးသော မြန်မာစာ၊ စာမေးပွဲဖြေရာမှာ သုံးသော မြန်မာစာ၊ စာအုပ်စာတမ်း ရေးသားပြုစုရာမှာသုံးသော မြန်မာစာ စသည့် စာအမျိုးမျိုး ရေးပုံသားပုံကို တင်ပြပေးထားသည်။


အကြောင်းကိစ္စအလိုက်၊ ဘာသာရပ်အလိုက် စာအမျိုးမျိုး ရေးကြရာတွင် အခြေခံ အကျဆုံး လိုအပ်ချက်ဖြစ်သော မြန်မာစာရေးသားခြင်းအတတ်ကို စာပုံစံအမျိုးမျိုး ရေးသားခြင်းဖြင့် လမ်းညွှန်ပေးထားသည်။


ဤစာအုပ်တွင် မြန်မာစာရေးသားရာ၌ သတိပြုရမည့် အခြေခံအချက်များကို ဆွေးနွေး တင်ပြထားသည်။ အရေးအသားမှန်ကန်ရန်အတွက် သတိပြုရမည့်အချက်များ၊ အရေး အသား ရှင်းလင်းရန်အတွက် သတိထားရမည့်အချက်များ၊ အရေးအသား ကျစ်လျစ်ရန်၊ တိကျရန်၊ ပြေပြစ်ရန်အတွက် သတိပြုစရာများကို အခန်းတစ်ခန်းချင်းအလိုက် ရှင်းလင်း ဖော်ပြပေးထားသည်။


စာရေးသားရာတွင် ယနေ့ အပြိုင်အသုံးပြုနေသည့် အရေးစကားပြေနှင့် အပြော စကားပြေဟူသော စကားပြေနှစ်မျိုးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်လျက် စကားပြေပုံစံအချို့ကို နောက်ဆက်တွဲအဖြစ် ဖော်ပြထားသည်။ ယနေ့ တွင်တွင် ကျယ်ကျယ် အသုံးပြုနေသော ရေးဟန်ဖြစ်သည့် အပြောသုံး စကားများ၏ ပေါ့ပ သွက်လက်မှုကို အရေးစကားပြေဝါကျထဲမှာ ပေါင်းဖွဲ့ထားသော ရေးဟန်ကို ဤစာအုပ်တွင် လေ့လာနိုင်သည်။

========================

✍️–မောင်ခင်မင်(ဓနုဖြူ)

📖–၉၆

------------------------------

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.